Mar 5, 2009

မန္တလေးသူများ ဘာကြောင့် ကျနော်လို့ပြောဆိုကြတာလဲ?

ရတနာပုံ မန္တလေးနေပြည်တော်ကို တည်ထောင်ခဲ့သော မင်းတုန်းမင်းတရားကြီးသည်
သမိုင်းများမှတ်တမ်းအရ အလွန် ကာမဂုဏ် ခံစားမှုအားကြီးသည်ဟု
လူတိုင်းကြားဖူးကြမည်ထင်သည် ။ ထို့ကြောင့် နန်းဆောင် အသီးသီးမှ ကိုယ်လုပ်
အသီးသီးတို့သည် မင်းတုန်မင်း စံနေသော နန်းဆောင်ကို ဖြတ်လျောက်ကြသောအခါ

မန္တလေးသူများ ဘာကြောင့် ကျနော်လို့ပြောဆိုကြတာလဲ?

မင်းတုန်းမင်က " ဟေ့ ဘယ်သူလဲ " ဟုမေးလေ့ရှိသည်။ ထိုသို့မေးသောအခါ ကိုယ်လုပ်
မောင်းမအချို့တို့သည် "ကျွန်မ ပါ" ဟု ပြန်ဖြေကြလေသည်။ ထိုအခါ
မင်းတုန်းမင်းကြီးက "လာခဲ့စမ်းသည်ကို" ဟုခေါ်၍ ဆက်ဆံမှုပြုလေတော့သည်။
ကြာလာသည်နှင့်အမျှ ကိုယ်လုပ်မောင်းမတို့ကလည်း အထာနှပ်လာသဖြင့်
မင်းကြီးအဆောင်ကို ဖြတ်လျောက်မိသောအခါ မင်းတုန်းမေးသောအမေးကို "ကျွန်တော်ပါ"ဟု
သာပြန်ဖြေကြလေတော့သည်။ ၎င်းနန်းတွင်းမှ သည်
မြို့နေပြည်သူများဖြစ်ကြသောအရပ်သူသို့ကူးစက်၍ မန္တလေးမြို့နေသူ
မန်းပျိုဖြူများကလည်း "ကျွန်တော်" ဟုသာ
ပြောဆိုသုံးနှုံးလာကြလေတော့သည်။ ကျွန်တော် ဟု မန်းပျိုဖြူတို့သုံးနှုံ
ပြောဆိုထားခြင်းသည် မင်းတုန်းရန်ကို ကြောက်လန့်ကြ၍ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
အခုခေတ်တွင် မင်းတုန်းမရှိသော်လည်း မန်းပျိုဖြူတို့ ကြောက်စိတ်မပြယ်သေး၍ထင့်
"ကျွန်တော်" ဟူသောအသုံးကို မြိန်မြိန်ဆိုင်ဆိုင် သုံးနှုံးနေကြပါသေးသည်။

5 comments:

Eighteen April said...

သူငယ်ချင်းတစ်ယောက်ဆီ မှ ကူးယူထားခြင်ဖြစ်သည်။

strike said...

ဟ ဟ ဟ..ကောင်းပါ၏

PAUK said...

ဟားဟားဟား..
အားပါးတရ ရယ်သွား၏ ။။

Unknown said...

ကျနော် comment ပေးသွားတယ်နော်မောင်လေး :P

Eighteen April said...

@ဖြိုးဇာခြည်မမအောင်
လာခဲ့စမ်း အဲဒီကျနော် :D