Feb 10, 2009

ချစ်သူ များနေ့ အမှတ် တရ ( ၁၄ ဖေဖော်ဝါရီ )

၁ ယောက်သောသူအတွက်
၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊
၃ နေကျစကားမဟုတ်လို့
၎ လေးနက်နက်နားထောင်ဖို့လိုမယ်။
၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်
၆ ကပ်အထီးကျန်မှုတွေ ခံစား နေရလို့
၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်
၈ တယ် 'ချစ်တယ်' အချစ်ရယ်။
၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား
၁၀ ယူဖေးမလို့ ကြင်နာသနားပါ။
၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့
၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်
၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့
၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ ပြန်မေတ္တာပေးလှည့်ပါနော်။

1 comment:

Unknown said...

15 ချောင်းသောသွား မကြိုးချင်ရင် အချိန်မှီသေးတယ် ...