Apr 13, 2009

ကျွန်ပ် နှင့် ခေတ်လူငယ်တစ်ဦး ရဲ့ အတွင်းခံ စေတနာ အမှား

သူရဲ့ ကောင်းမလေးကို မွေးနေ့ လက်ဆောင်ဘာပေးရမယ်လဲ ဟု မနေ့ ကတစ်ညလုံးစဉ်းစားခဲ့တာ
သူ အကြံ ရသွားတာ က သူရဲ့ကောင်မလေးကို သူများနဲ့မတူတဲ ဖြုလဲဖြုစင် ရမယ်ပေါ့ ဆိုပြီး လက်အိတ်ဖြူဖြူလေးတစ်စုံ ၀ယ်ဖို့
ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။

မိန်းကလေး ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်း အဖေါ်ခေါ်ခဲ့တာပေါ့
သူလဲ ဆယ်ကျော်သက် လှလှလေးပါပဲ။

ဆိုင်ရောက်တော့ ကောင်လေး လက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။ ချစ်သူ့ညီမလေးက
အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။

ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့
အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီး ထည့်ပေးလိုက်တယ်လေ


စာကတော့ . . .

" အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ
ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။ မင့်ညီမက ချွတ်လို့စွတ်လို့
လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်
ဝတ်ပြချွတ်ပြသေးတယ်။ အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း
ရေဆေးရုံနဲ့ ပြောင်ကြောင်း အာမခံတယ်လေ။ ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ
မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသည်းလေးရဲ့

ကိုယ် "