Feb 10, 2009

ချစ်သူ များနေ့ အမှတ် တရ ( ၁၄ ဖေဖော်ဝါရီ )

၁ ယောက်သောသူအတွက်
၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊
၃ နေကျစကားမဟုတ်လို့
၎ လေးနက်နက်နားထောင်ဖို့လိုမယ်။
၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်
၆ ကပ်အထီးကျန်မှုတွေ ခံစား နေရလို့
၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်
၈ တယ် 'ချစ်တယ်' အချစ်ရယ်။
၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား
၁၀ ယူဖေးမလို့ ကြင်နာသနားပါ။
၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့
၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်
၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့
၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ ပြန်မေတ္တာပေးလှည့်ပါနော်။

Feb 5, 2009

ကျွန်ပ် နှင့် ယနေ့ခေတ် မိန်းကလေ တစ်ချို့

ရွှေဂုဏ်တိုင် ပါလား? မေးရင် ပြောပါဗျာ ကျွန်တော် အလကားမေးနေတာ မဟုတ်ပါဘူး
ဟိုအစ်မကြီး ဘယ်ထိသွားမှာလဲ? ဘကြီးကလဲ ဗျာ ရှေ့နဲ့နဲ့ တိုးစီးပါ အပေါက်မပိတ်ပါနဲ့
အစ်မလေး ကိုကျွှန်တော် ပိုက်ဆံ ပြန်အန်းပေးမယ်နော် ငနဲသားက
ညင်ညင်သာသာလေး ပြောလိုက်တော့ ကျွန်ပ် သိလိုက်ပြီ ကောင်းမလေး ငယ်ငယ်ပဲ ဖြစ်မယ်လို့

မှန်ပါသည် ကျွန်ပ် အတွေး ကောင်မလေး က ငယ်ပြီး ကြည့်လို့ လဲ မဆိုးဘူးလေ သူဟာနဲ့သူရှိပါတယ် (သူများဟာထားဘူးဗျာ)
အဲတာကြောင့် ဒီငနဲ ဒီလောက် အသံပျော့ သွားတာ
ဒါကြောင့် ကိုး

ကလေးသံ လူကြီး သံ အစုံပါပဲ၊ အဆိုးဆုံးက စပယ်ရာ အသံပဲလေ
ကျွန်ပ်လည်း ကားခ ပေးပြီးပြီမို့ ကိုယ့်ကိုယ်ကို ယုံကြည်မူ အပြည့်နဲ့ ဆူလေး မှ ရွှေဂုဏ်တိုင် သို့ လိုက်ပါစီးနှင်းလာတာပေါ့
သိတဲ့ အတိုင်းပဲ ရန်ကုန်မြို့ လိုင်းကားစီး သည်မှာ ကလဲ လွယ်လှ သည်မဟုတ်

ကျွန်ပ်လဲ ကားယူလာမလို့ ဟာ ပြန်စဉ်းစားကြည့်တော့ ကျွန်ပ်မှာ ကားမှမရှိပဲ
အထင်မကြီးပါနဲ့ ဒါကြောင်မို့လို့ လိုင်းကားကို ပဲအားပေး တာလေ
သူတို့လဲ စီးပွားဖြစ်တာပေါ့

စဉ်းစားရင်းနဲ့ ပဲ
နီးကပ်လာပြီလေ ကျွန်ပ်ဆင်းမယ့် မှတ်တိုင်
စပယ်ရာ အော်နေပြီ ရွှေဂုဏ်တိုင် ဆင်းမဲ့လူပြင်ထားတဲ့
ကျွန်ပ်တော်လဲ စိတ်ထဲ ကပြောလိုက်တယ် မင်းတို့ခေါ်လဲ
မလိုက်ဘူးလို့ သွားစရာ ရှိနေတာကိုး ပျင်းနေရင်တော့လည်း တစ်မျိုးပေါ့

ပြောရင်း ဆိုရင်ပဲ မှတ်တိုင် ကိုရောက်သွားပြီ လေ
ကားပေါ်က ဆင်းတဲ့ လူတွေလဲ မနဲပဲ
ကျွန်တော်နောက်ဆုံးလူပေါ့ အဲ ကျွန်တော်ရှေ့ မှာ ခုနက
ကောင်မလေး သူလဲ အဲဒီ မှတ်တိုင်မှာပဲ ဆင်းတယ်ဗျာ

အောက်ကတက်လာသူ တွေကလဲ တက် အပေါ် ကဆင်းတဲ့လူကလဲ ဆင်း
အပေါက် ပိတ်နေတာပေါ့ ကောင်မလေး ကလဲ ဆင်းဖို့ ဟန်ပြင် ကားတံခါး ရဲ့ ပထမလှေခါးထစ် မှာပေါ့

အဲ ဒီမှာပြသာနာက စတာပဲ ငတိ မ လေးက မိန်းကလေး သဘာဝ အတိုင်း ကားပေါ်က အောက်ရောက်တော့ မှာမို့ သူအင်္ကျီကို နောက်ပြန် ဆွဲ ချပါလေရော ကျွန်ပ်ရှေ့ကို ယိုင်ထိုးသွားတာပေါ့ ဘာဖြစ်တာလဲပေါ့ ရုတ်တရက်

သူ ဆွဲ ချလေလေ ကျွန်ပ် ယိုင် လေလေ ပဲ၊ ကျွန်ပ်ထင် တယ် တစ်ခုခုတော့ မှားနေပြီပေါ့
ကားပေါ်လူတွေ ကလဲ ကျွန်ပ်ကို ကြည့်ပြီး အံသြနေတာပေါ့ ကျွန်ပ် လဲ ပူထူနေတာပဲ ဘာလုပ် ရမှန်းလဲ မသိဘူး
တစ်ခုခု က ကျွန်တော်ကို ဆွဲ နေသလိုဗျာ . . . . .

နောက်မှ ကျွန်ပ် သိလိုက် တယ် . . . . . . . . .

ငတိမလေး ဆွဲ ချ နေတာ သူအင်္ကျီ မဟုတ်ဘူး
သူကောင်းကောင်း ဆွဲ ချနေတာ ကျွန်ပ် အင်္ကျိ ကိုဗျ