Jan 30, 2009

ကျွန်ပ် နှင့် တွေ့ ကြုံဆုံ ရလွယ် သော ဗမာဗူးတီးရမ်း တစ်ချို့

အချိန်က တော်တောက်ကို နောက်ကျနေပြီ ခုဆိုလူတော့ ဆုံနေလောက်ပြီ၊ ကျွန်ပ် တစ်ယောက်ပဲ နောက်ကျနေတာကိုး
ကျွန်ပ် အတွေး နယ်ချဲ့ ၍ ကိုယ့်အတွေးနဲ့ ကိုယ် ခပ်သွက်သွက်လေး Redhill MRT မှ ဆင်းလာခါ MRT ဘေးမှ၊ ကားလမ်းကို ကူးဖြတ် ရန် သာ စိတ်လောနေမိသည်
အဲဒီနေ့ ရုံး အဝတ်စားနဲ့ အိတ်တစ်လုံးကို ဆွဲ လို့၊ စနေ နေ့ လေ ရုံးတော့ မရှိပါဘူး ဝတ်စရာ မရှိတော့လို့ ရှိတာ ဝတ်လာတာ

နောက်ကျနေပြီ ဆိုတာပဲ ကျွန်ပ် စိတ်ထဲ စဉ်းမိတယ် ကားလမ်းက လူကူး မီး နီနေတာကို သတိမထား လိုက်ပဲ
ကျွန်ပ် ကား လမ်းကို ခပ်ရဲ ရဲ ပဲ ဖြတ်ကူးလိုက်တယ်လေ(မြန်မာနိုင်ငံသားလေ)
အဲဒီ အချိန် ကျွန်ပ်သတိထားလိုက်မိတယ်

စကားပြောသံ တစ်ချို့
ကျွန်ပ် တော်တော် နားလည်တယ် ဒီစကားတွေကို
ကျွန်ပ် စဉ်းစားလိုက်မိတယ် Singapore ရောက်ပြီး ငါ တော်တော်လေး တိုးတက်လာတယ်ပေါ့
ကိုယ်ကိုယ့် ကို ကျေနပ်အားရတဲ့ အသံနဲ့ စိတ်ထဲမှာ ရေရွှတ်လိုက်တယ်
ကျွန်ပ်အတွေး မဆုံးခင်ပဲ သေချာ နားထောင်ကြည့်တော့
မိန်းကလေး နှစ်ယောက် အသံပဲ

ကျွန်ပ် အတွေးပျတ်သွားပြီ တွေဝေသွားတယ် ကျွန်ပ်သိတာပေါ့ ဒီအသံ စဉ်းစားကြည့်တော့
ငတိမ နှစ်ယောက် က ဗမာဗူးတီးရမ်း တွေကိုး
ကျွန်ပ် ကောင်းကောင်း နားလည်တာ မဆန်းးဘူးလေ သူတို့ က ဗမာလို အတင်းတုပ် နေတာကိုး

သူတို့ပြောတဲ့ စကား ကြားမှ ကို ဟာကိုယ် စဉ်းစားမိတယ်၊ ငါ တော်တော် ဟုတ်နေပါလားပေါ့
ဟဲ့ မီးပွိုင့် နီလဲ ကူးမယ်ဟာ သူတို့ နိုင်ငံ သားတွေတောင် ကူးသေးတာပဲတဲ့

EA (ရေတွင်းပျက်)

5 comments:

TMA said...

ရယ်ရတယ် ကွာ ဟား ဟား......

တောင်ပေါ်သား said...

ဟား ဟား အလည်လာ မြန်မာ ဗူးတီးရမ်းလေးတွေ နားထောင်သွားတယ် ပေါလာပြီ အကိုရေ

Unknown said...

aww..
Htin chin sa yar bal koeee..
nin ka malay kaung na` to nay tar koee haaaa`.. :P

neking said...

ခင်ဗျားကြီးကို အဲဒိလိုပြောလား
ဟားဟား ထင်ပါဘူးဗျာ။
ကျွန်တော့်အထင်စင်ကာပူမှာမဟုတ်လောက်ဘူး။
မလေးမှာဖြစ်မယ့် ဟဲဟဲ

Unknown said...

ငါ့ မောင်လေးကို များ မလေးတဲ့ ပြောရက်လိုက်ကြတာ
ဟွန်း ...အင်ဒိုဆိုတော်သေး :D